ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့နံနက်က မှော်လှည့်သပိတ်စစ်ကြောင်းက စစ်အာအာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြ ပြည်သူများက “ပြိုင်တူတွန်းကြမယ်ဗျာ ပြည်သူတင်းရင် စစ်အာဏာရူး ခံနိုင်ရိုးလား၊ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ စစ်မှုမထမ်းမနေရ ဥပဒေအလိုမရှိ၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ဖို့ ပြည်သူအားလုံးပါဝင်စို့ “စသည့်ကြွေးကြော်သံများ ကြွေးကြော်ကာ ချီတက်သပိတ်မှောက်ခဲ့ကြသည်။