စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသ ကျေးရွာတစ်ရွာတွင် သပိတ်အင်အားစုများနှင့် ပြည်သူများ ပူးပေါင်း၍ စစ်အာဏာရှင်နှင့်ပူးပေါင်းနေသည့် တရုတ်အစိုးရအား ဆန့်ကျင်ကန့်ကွက်ကြောင်း ယနေ့ (မေလ ၁၈) နံနက်က လူထုသပိတ် ချီတက်ဆန္ဒပြခဲ့ကြသည်။
ယင်းသပိတ်တွင် ပြည်သူများက “China…Stop Killing Myanmar People by Supporting Fascist Criminals” စာသားကို ကိုင်ဆောင်ကာ တရုတ်အစိုးရအနေဖြင့် ဖက်ဆစ်တပ်နှင့် ပူးပေါင်း၍ မြန်မာပြည်သူများအား သတ်ဖြတ်နေခြင်းကို ချက်ချင်းရပ်ရန် ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။