ကရင်နီ(ကယား)ပြည်နယ်ရှိရှေ့တန်းစခန်းများသိုစစ်ကောင်စီက အင်အားအများအပြားထပ်မံဖြည့်တင်းနေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြော သည်။
လတ်တလော စစ်ရေး ပြင်းထန်နေသည့် ဘောလခဲ၊ဖားဆောင်း၊ရွာသစ်၊မယ်စဲ့ဒေသဘက်သို ရှမ်းပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်များကို လွိင်ကော် မှတဆင့် ရဟတ်ယာဥ်ဖြင့် နေ့စဥ် ပိုဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။
“လွိင်ကော် ခလရ ၅၄ တပ်ထဲကနေ ရဟတ်ယာဥ်နဲ့နေ့တိုင်းထွက်နေတာ။မနေ့က ဆို၂ စီးမကဘူး။ယာဥ်တန်းနဲ့မှ သူတိုထွက်မရတဲ့ နေရာတွေပေါ့ ။ဒီလို ရဟတ်ယာဥ်အများအပြား
သုံးနေတာကတော့ လူ အင်အား ဆက်တိုက်ဖြည့်တယ်လို ပြောလိုရတယ်”ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ဘောလခဲ၊ရွာသစ် နှင့်ဖားဆောင်းမြိုများကို ကရင်နီပူးပေါင်းတပ်များ ထိုးစစ်ဆင်ခြင်း မလုပ်လာနိုင်ရန် စစ်ကောင်စီက အင်အားဆက်တိုက်ဖြည့်တင်းနေသည်ကိုသိရကြောင်းလည်း ဖားဆောင်း PDF တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။
“သူတိုဘက် ကအင်အားတိုးစစ်ပြင်နေတာသိတယ်။ ကျွန်တော်တိုလည်း ပြင်ဆင်နေပါတယ်။ဘယ်ချိန် တိုက်ပွဲ ပြင်းထန်မလဲဆိုတာတော့ အတိအကျ မသိ နိုင်သေးဘူး”ဟု ၎င်းက ရှင်းပြသည်။
ဇွန်လ ဒုတိယပတ်က မယ်စဲ့မြိုနယ်ကို ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ကရင်နီဒေသ၌ နေ့စဥ်နီးပါးတိုက်ပွဲများပိုမိုပြင်းထန်နေသည်။
ထိုအတူ အာဏာသိမ်းစစ်ကောင်စီတပ်ကို အကြိမ်ကြိမ် အထိနာ အောင်တိုက်ခိုက် နေသော ကရင်နီဒေသကို စစ်ကောင်စီက လေကြောင်း အပြင် တပ်မ ၅၅ ၊ တပ်မ ၆၆ ၊ တပ်မ ၄၄၊တပ်မ ၉၉ အစရှိသည့် တပ်မ လေးခုအပြင် ရှမ်းပြည်နယ် အခြေစိုက် အမှတ် (၂ ) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂)၊(စကခ ၁၈) လက်အောက်ခံတပ်ရင်းများပါ အင်အားဖြည့်တင်းနေသည်။
ကရင်နီပူး ပေါင်းတပ်များကလည်း.စစ်မျက်နှာတိုင်းတွင် ခုခံစစ်သာမက တန်ပြန်ထိုးစစ်ပါ အသုံးပြု၍ စစ် ကောင်စီတပ်များအထိနာ အောင်တိုက်ခိုက် နေသည်။