မကွေးတိုင်း၊ စလင်းမြို့နယ်၊ငလှိုင်တွင်းကျေးရွာရှိ အထိုင်ချထားတဲ့ တပ်စခန်းကုန်းက အကြမ်းဖက်စစ်ကောင်စီတပ်သား အင်အား ၄၀ဝန်းကျင်ခန့်မှာ မေ ၈ရက်က စွန့်ခွာထွက်ပြေးပြီးနောက် ပြည်သူ့ကာကွယ်ရေး(PDF) တပ်ရင်းတွေက နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့တယ်လို့ အမှတ်၁စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဒီနေ့ ညနေမှာ ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီရဲ့ စခန်းကုန်းကို မေ ၉ရက်မှာ မင်းဘူးခရိုင် အမှတ်(၁၊၅)တပ်ရင်းတွေက နယ်မြေရှင်းလင်းရေး လုပ်ငန်းစဥ်များ ပြုလုပ်ဆောင်ရွက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။