မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မြို့နယ်တိုက်ခိုက်ရေးတပ်ဖွဲ့ သင်တန်းကာလ (၄၅)ရက်တာ သင်တန်းဆင်းပွဲကို မေလ ၁၀ရက်နေ့မှာ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ခဲ့တယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရေးရာတာဝန်ခံ၊ မြို့နယ်ပြည်သူ့ ကာကွယ်ရေးတာဝန်ခံနဲ့ ကျန်တာဝန်ခံတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ရဲဘော်တွေကို စည်းကမ်းကောင်းမွန် ကျစ်လစ်တဲ့ အစုအဖွဲ့ကနေ ပြည်သူလူထု ရှေ့မှောက်မှာ ပိုမိုစည်းကမ်း ကျစ်လစ်ကောင်းမွန်တဲ့ တပ်ဖွဲ့တစ်ခုအဖြစ် ပြယုဂ်ကောင်းတစ်ခု ဖြစ်လာစေဖို့ အတွက် ရည်ရွယ်ပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။