ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံတောင်တွင် တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ခရီးသည်တင်ကားများနှင် ကုန်ကားများ မံစီမြို့နယ်၊ ဂျန်မိုင်ကျေးရွာတွင် ပိတ်မိနေခဲ့ကြောင်း၊ ယင်းနေရာကို စစ်တပ်က ယနေ့ နံနက်ပိုင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် လူ ၅ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ယနေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန် မံစီမြို့နယ်၊ ဂျန်မိုင်ကျေးရွာတွင် ခရီးသွားကားများနှင့် ကုန်ကားများ ရှေ့ဆက်သွားရသဖြင့် ပိတ်မိနေခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကုန်ကားတစ်စီးပျက်စီးပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း၊ ထိခိုသေဆုံးသူများမှာ လွယ်ဂျယ်မှ ထွက်ပြေးလာသည့် ဝန်ထမ်းနှင့် တပ်မိသားစုဝင်များဖြစ်ကြောင်း သိရှိရသည်။
“စိန်လုံတောင်မှာ တိုက်ပွဲဖြစ်တော့ ကားတန်းက ရှေ့ဆက်သွားမရလို့ ပိတ်မိနေတဲ့ နေရာကို လေယာဉ်နဲ့ ဗုံးကျဲတာ။ ဒီမနက် ၁ နာရီ ၃၀ မှာ ကျဲချတာ။ ကားတစ်စီးထိခိုက်ပြီး နေအိမ်တွေလည်း ထိခိုက်တယ်။ လူ ၅ ဦးသေဆုံးတယ်။ ဒဏ်ရာရရှိသူတွေကို KIA ဆေးအဖွဲ့က လာကုပေးနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ယနေ့ နံနက် ၇ နာရီတွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ စိန်လုံတောင်စစ်တပ် ဗျူဟာစခန်းကို KIA ဦးဆောင်သော မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီဖြစ်သဖြင့် မကြာမီ လမ်းများ ပြန်လည် ပွင့်တော့မည်ဖြစ်ကြောင်း ဒေသပြည်သူများက ဆိုကြသည်။