အမျိုးသားညီညွတ်ရေးအစိုးရ ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးစီးပြီးတော့ CDM ကျောင်းသားတွေနဲ့ CDM ဝန်ထမ်းတွေအတွက်ရည်ရွယ်ပြီး Development Economics Program သင်တန်းကို အောက်တိုဘာ ၂၁ နဲ့ ၂၂ ရက်တွေမှာ ပြုလုပ် သွားမှာဖြစ်ပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ်များထဲက Myanmar Institute of Economy, Commerce and Industry ရဲ့ စီးပွားရေး ဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုလုပ်ငန်းစဉ်များအား အကောင်အထည် ဖော်ဆောင်လျက်ရှိ ရာ CDM ကျောင်းသားများနဲ့ CDM ဝန်ထမ်းများအတွက် ရည်ရွယ်ကာ “Development Economics Program” သင်တန်းကို အောက်တိုဘာ (၂၁) နဲ့ (၂၂) ရက် ည(၈) နာရီကနေ (၁၀) နာရီအထိ သင်ကြားပို့ချသွားမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
“Development Economics Program” ကို စိတ်ဝင်စားတဲ့ CDM ကျောင်းသားများ နဲ့ CDM ဝန်ထမ်းများကို ပါဝင်တက်ရောက်ကြဖို့အတွက်လည်း ဖိတ်ခေါ်ထားပါတယ်။
ပါဝင်တက်ရောက်လိုသူတွေအနေနဲ့ https://docs.google.com/…/1FAIpQLSfiRjsEiav…/viewform… မှာ စာရင်းပေးသွားရမှာဖြစ်ပါတယ်။
သင်တန်းလျှောက်လွှာလင့်ကိုတော့ အောက်တိုဘာ ၁၉ ရက် ညမှာ ပိတ်မှာဖြစ်ပြီးတော့ သင်တန်း တက်ရောက်ခွင့်ကို အောက်တိုဘာ ၂၀ ရက်မှာ အီးမေးလ်ကနေ အကြောင်းပြန်သွားမှာဖြစ်တယ် လို့လည်း အသိပေးထားပါတယ်။