မကွေးတိုင်း ၊ သရက်ခရိုင် ၊ ဆင်ပေါင်ဝဲမြို့နယ် ကို ဖြတ်သန်းလာတဲ့ အကြမ်းဖက်စစ်ကောင်စီ ယာဥ်တန်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရန်သူတပ်သား ၈ ဦးသေဆုံး ခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသ၊မ ကွေးတိုင်းကွပ်ကဲရေးက ဒီနေ့ ရက်စွဲ နဲ့သတင်းထုတ်ပြန်ထားပါတယ်။
အမှတ်(၁)လမ်းမကြီးပေါ်က အကြမ်းဖက်စစ်ကောင်စီ ကား ၇ စီးပါ စစ်ယာဥ်တန်းကို နိုဝင်ဘာ ၂၆ ရက်၊နေ့လည် ၁၂ နာရီခန့်မှာ ဧကရာဇ်ကျေးရွာ နဲ့ ဂွေးချိုကျေးရွာ အကြားအရောက် ပြည်သူ့ကာကွယ် ရေး ပူးပေါင်းအဖွဲ့က အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိထိမိမိ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ပြီး ရန်သူ တပ်သား ၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့မှ ရဲဘော်များ အထိအခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး၊ဒီတိုက်ခိုက်မှုကို သရက် ခရိုင်တပ်ရင်း(၅) နှင့် ဆင်ပေါင်ဝဲ (ပကဖ)တို့မှ ပူးပေါင်း တိုက်ခိုက် ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။