အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် အမျိုးသား ညီညွတ်ရေး အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ဖလား ရန်ပုံငွေဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို အသင်းပေါင်း ၆ သင်း ဝင်ရောက်ယှဥ်ပြိုင်ပြီး Free Burma Action Committee-Northern California မှ ကျင်းပခြင်းဖြစ်ကာ ရရှိသော အလှူငွေများကို အမျိုးသား ညီညွတ်ရေး အစိုးရနှင့် မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်မှု လုပ်ငန်းရပ်များကို ပေးပို့လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။