စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့နယ်၊ ဆယ်သုံးမိုင်ရွာမှ ထွက်လာသည့်စစ်ကောင်စီစစ်သား ၅၀ ခန့်အား ယမန်နေ့ မေလ ၃၀ ရက်နေ့ ညနေ ၆ နာရီခွဲခန့်၌ PDF တပ်ဖွဲ့တို့မှ ဒရုန်းဖြင့် ၇ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
၎င်းစစ် ကောင်စီတပ်ကို စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် စခန်းသာရွာ အရောက်၌ BLACK WOLF – ARMY နှင့် WHO AM I – ARMY တို့ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်မှု ရှိမရှိမသိရသေးကြောင်း BLACK WOLF – ARMY က ထုတ်ပြန်ထားသည်။