စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ ရဲစခန်း၌ စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ဒဏ်ရာရ ရှိသော စစ်သားကို သွားရောက်သယ်ဆောင်ပြီး ပြန်လာသည့် စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့က ဆားတောင်ရဲစခန်းအတွင်း၌ စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ဒဏ်ရာရရှိခဲ့သည့် စစ်သားကို သယ်ဆောင်ရန် အုန်းတောတပ် အတွင်းမှ အင်အား ၃၀ ခန့်ပါ လူနာတင် ကား တစ်စီး၊ စစ်ကားတစ်စီးဖြင့် မာလဲတော ပျူစောထီးရွာအထိ သွားရောက် သယ် ဆောင်ခဲ့ရာ အပြန် အလမ်း၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး ၇ ဦးခန့်ဒဏ်ရာရရှိကာ ကားများမှာလည်း မောင်းမရ သည်အထိ ပျက်စီးသွား ကြောင်း သိရသည်။
“အချင်းချင်းပစ်ခတ်ဖြစ်တာက ၁၅ ရက်နေ့က ဖြစ်တာ၊ ဘာကြောင့်ဖြစ်တယ်မသိဘူး၊ အဲဒီဒဏ်ရာရတဲ့ စစ်ခွေးကို ဆားတောင်စခန်းကနေ ညောင်ငုတ်တိုပျူရွာကို သယ်တယ်၊ အဲဒီကနေမှ မာလဲတောပျူရွာကို တောလမ်း ကနေပို့တယ်၊ မာလဲတောပျူရွာရောက်မှ အုန်းတောတပ်ကနေ လူနာတင်ကားတစ်စီးနဲ့ စစ် ကားတစ်စီး နဲ့သွားသယ်တာ၊ မိုင်းဆွဲခဲ့တာက လူနာတင်ပြီး ပြန်လာတဲ့အချိန်မိုင်းဆွဲခဲ့တာ၊ ကားတွေ မောင်းမရလို့ မာလဲတောပျူရွာထဲကို ဆွဲယူသွားတယ်၊ သေတဲ့လူတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို ပြည်သူ့ ခွေးဘီးလူး ကားလေးကို တားပြီး တင်သွားပါတယ်၊ မနေ့က(ဇူလိုင်လ ၁၆ ရက်) က တနေကုန်နီးပါးပဲ တိုက်ခိုက်ခဲ့ရတာ” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။
ကားများပျက်စီးသွားသဖြင့် ကျန်စစ်သားများမှာ မာလဲတောပျူရွာမှ အုန်းတောတပ်အတွင်းသို့ ခြေလျင် ပြန်ကြရာ ၎င်းအကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဒရုန်းဖြင့် ဗုံးကျဲချမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိပြီး ကင်းထောက်ဒရုန်းထံမှ ထမ်းစင်များဖြင့် ထမ်းသယ်သွားသည်ကို တွေ့ရှိရကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Fight for Federal၊ အညာသားလေး SGG၊ Phoenix SGG၊ Unicorn ပြောက် ကျားတပ်ဖွဲ့နှင့် စစ်ကိုင်းမြို့နယ်ပကဖ တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။