စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဆားတောင်ရဲစခန်းက ကားကြီး ၂ စီးနဲ့ ထွက်ခွာလာတဲ့ စစ်ကြောင်းကို စစ်ကိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပဒေသာမိုင်းနဲ့ စောင့်ကြိုတိုက်ခိုက် ခဲ့ပါတယ်။
အကြမ်းဖက် စစ်သား ၆၀ ခန့်တင်ဆောင်လာတဲ့ အဲဒီကားကြီး ၂ စီးကို အောက်တိုဘာ ၆ ရက် မနက် ၂ နာရီအချိန်ခန့်မှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ စစ်ကိုင်းခရိုင် တပ်ရင်း(၂) တပ်ခွဲ (၄) က ပဒေသာမိုင်းနဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ကား ၁ စီး မိုင်းထိမှန် ပျက်စီးခဲ့ပြီး ၁၂ ဘီးကားနဲ့ လာရောက်ဆွဲယူသွားခဲ့တယ်လို့ စစ်ကိုင်းခရိုင်၊အမှတ် ၂ တပ်ရင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်က အောက်တိုဘာ ၇ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘဲ၊ ရဲဘော် များရဲ့ လုံခြုံရေးနှင့်နယ်မြေ အခြေ အနေတွေကြောင့် သတင်းတင်ပြ မှုကို အချိန်ခွာ ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ အသိပေး ထားပါတယ်။