စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်က စစ်ဘေးရှောင်နေရတဲ့ ပြည်သူ တွေကို အညာပစ်တိုင်း ထောင်လေးများအဖွဲ့က အစားအသောက်တွေ ကျွေးမွေးလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာတွေနဲ့ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် စစ်ဘေးရှောင်အရေအတွက် ပိုများလာပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုထားပါတယ်။