စစ်ကိုင်းတိုင်း၊ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းက ဆားလင်းကြီး မြို့နယ်မှာ ရှိတဲ့ မီးဘေးသင့် စစ်ရှောင်ပြည်သူတွေကို စောင်လှူဒါန်းခဲ့ကြပါတယ်။
ဒီလှူဒါန်းမှုကို မရှိခဏထောက်ပို့အဖွဲ့နဲ့အတူ ကျေးရွာ ၂ ရွာက အိမ်ထောင်စု ၇၀ ကျော်ကို လှူဒါန်းခဲ့ တာဖြစ်ပြီး နေရပ်စွန့်ခွာနေရတဲ့ စစ်ရှောင်ပြည်သူတွေအတွက်လိုအပ်ချက် တွေရှိ နေသေးလို့ ပါဝင်လှူဒါန်းပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။