စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘောအုပ်စုက ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် ရေစကြိုမြို့မှ ချင်းတွင်းမြစ်ကြောင်း အတွင်းကို ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘောအုပ်စုက မြစ်ကြောင်း တစ်လျောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေကုန်းရွာမှ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
“စစ်ခွေး သင်္ဘော အုပ်စုက ပစ်လို့ ရွှေကုန်းကျေးရွာက ပြည်သူ ၄ ထိခိုက်ဒဏ်ရာရတယ်။ ကမ်းနားမှာရှိတဲ့ ကျေးရွာ တစ်လျှောက်က ပြည်သူတွေ အကုန်လုံးတိမ်းရှောင်နေရတယ်။ စစ်ခွေး သင်္ဘောတွေက တောက်လျောက်ကို ရမ်းသမ်း ပစ်ခတ်တာ” ဟု ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်သင်္ဘော အုပ်စု၏ ပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ်အချို့လည်း ထိမှန် ပျက်စီးခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။