စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လမ်းပိုင်းတစ်နေရာတွင် ရွှေဗန့်ဂျီရွာပေါင်းစုံသပိတ် စစ်ကြောင်းမှ ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ (ဇန်နဝါရီ ၂၅) ပြုလုပ်ခဲ့သည်။
သပိတ်ကော်မတီဝင်တို့က “ပြည်သူလူထုရဲ့ စည်းလုံးမှုနဲ့ ညီညွတ်မှုကို ဘယ်ခွေးမှတားလို့မရစေရ” ၊ “လူထုအရေးတော်ပုံ တိုက်ပွဲကြီး မုချအောင်မြင်ရမည်” ၊ “အရေးတော်ပုံအောင်ကိုအောင်ရမည်” စသည့် စာသားများကို ပြည်သူလူထုထံ လိုက်လံဖြန့်ဝေခဲ့သည်။
စစ်ကောင်စီမှ ပြည်သူ့အာဏာကို လုယူခဲ့ခြင်း (၃)နှစ်ပြည့်တော့မည် ဖြစ်သည့်အတွက် ပြည်သူများ သွေးအေးမသွားကြရန် တိုက်တွန်းလှုံ့ဆော်ခြင်း ဖြစ်ကြောင်း ရွှေဗန့်ဂျီရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဆိုသည်။
ယင်းဆန္ဒပြလှုပ်ရှားမှုကို Royal Tiger Force (RTF) ပြောက်ကျားတပ်ဖွဲ့က လုံခြုံရေးအဖြစ် လိုက်ပါဝန်းရံပေးခဲ့သည်။