စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်နေကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၃ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ဆားလင်းကြီးမြို့နယ် ၊ ဘိုက်သရက်ရွာ နှင့် ယင်းမာပင်မြို့နယ် ၊ လည်ငှောက်ရွာ တို့ကို Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် လာရောက် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
” ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ် အစပ်က လည်ငှောက်ရွာနဲ့ ဘိုက်သရက်ရွာ အကြားကို စစ်ခွေးတွေက Mi 35 ရဟတ်ယာဥ်နဲ့ လာရောက်ပစ်ခတ်သွားတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေတော့ မသိရသေးဘူး” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် ဆားလင်းကြီးမြို့မှ ထွက်သော အကြမ်းဖက် စစ်တပ်၏ ယာဥ်တန်းကို လုံခြုံရေး အဖြစ် လိုက်ပါလာသော စစ်သားများလည်း ယင်းမာပင်မြို့နယ် လည်ငှောက်ရွာ အနီးရောက်ရှိနေကြောင်း သိရသည်။