စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်သားများ လိုက်ပါလာသော ရေယာဉ် ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးသေဆုံးခဲ့ကြောင်း One Star Task Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အမြင့် ရဲစခန်းမှ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တင်ဆောင်လာသော ရေယာဉ် ၁ စီးသည် ချင်းတွင်းမြစ်အတွင်း ဆန်တက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဆားလင်းကြီးမြို့အနယ် တစ်နေရာတွင် ရှေ့ထွက်မိုင်းများ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ရေယာဉ်ပေါ်တွင် အကြမ်းဖက် စစ်တပ်၏ ချောဆွဲခံရ၍ ပါလာသော ပြည်သူ ၁ ဦး လည်း ပုခုံးထိခဲ့ပြီး များစွာ စိတ်မကောင်းဖြစ်ရကြောင်း One Star Task Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၁ (Brother Defence Force) ၊ တပ်ခွဲ ၂ (One Star Task Force) ၊ တပ်ခွဲ ၃ (ဆားလင်းကြီးသမန်းကြားနှင့် သေမင်းတမန်ပျောက်ကြားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။