စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာတရွာမှာ ယင်းမာမင် – ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီမှ ကြီးမှုးကျင်းပတဲ့ လူထုနိုင်ငံရေးတရားဟောပြောပွဲ နဲ့ တော်လှန်ရေး ရုပ်ရှင်ပြပွဲကို သြဂုတ် ၉ ရက် ညပိုင်းအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ယင်းမာပင် – ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင် ကော်မတီ နဲ့အတူ အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (AFCC) ရဲ့ ဒေါက်တာတေဇာဆန်း ကလည်း ရုပ်အသံဖိုင်နဲ့ အဆိုပါ ပွဲသို့ တက်ရောက်လာတဲ့ ဒေသခံ ပြည်သူများကို အားပေးစကားများပြောကြားပေးခဲ့ပါတယ်။