စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်ရဲ့ ကျေးရွာ ၃ ရွာမှာ အညာပစ်တိုင်းထောင်လေးများသပိတ်အဖွဲ့ ရဲ့ ဦးဆောင်မှုနဲ့ သပိတ်စစ်ကြောင်းတွေ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေးဆန္ဒပြ သပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက “ပြာပုံတွေကြားက ရုန်းထတော်လှန် အညာလူထုဟန်” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီးတော့ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ဟစ်ကြွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဆန္ဒပြသပိတ်ကို ၅/ဆလကလူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက် နဲ့ ဒေသခံပအဖ ပကဖများ ပြည်သူများက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။