ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် ဆားလင်းကြီးမြို့နယ်ရှိ ညောင်ပင်ကြီးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းမီးရှို့နေပြီး ညောင်ပင်ကြီးကျေးရွာ အုပ်စုက ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“ကျွန်တော်တို့ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးအုပ်စုကျေးရွာက ဒေသ ပြည်သူ ထောင်ချီ စစ်ဘေးရှောင်နေရပါတယ်။ စစ်ရှောင်တွေ အနေနဲ့ အခက်ခဲတချို့ရှိနေပါတယ်။စစ်ကောင်စီအနေနဲ့လည်း ညောင်ပင်ကြီးမှာ တပ်စွဲထားတာကြောင့် ပြည်သူတွေ နေရပ်မပြန်နိုင်ပဲဖြစ်နေပါတယ်။လက်ရှိ စစ်ဘေးရှောင် ပြည်သူတွေ အနေနဲ့ စားရေးသောက်ရေးနဲ့ နေထိုင်ရေးမှာ အခက်အခဲ ဖြစ်နေပါတယ်။လျှပ်စစ်မီးကလည်း ပျက်နေတော့ ပိုဆိုးတာပေါ့” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူကပြောဆိုသည်။