စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ယင်းမာပင်နယ် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်းက ဦးဆောင်ပြီး ဒီနေ့ နိုဝင်ဘာ(၂၈)ရက် တန်ဆောင်မုန်း လပြည့်နေ့မှာ တော်လှန်ကထိန် ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။
“ကထိန်ပြုလုပ်ရာတွင် တော်လှန်ရေးအဆို အကများဖြင့်လည်း ပြည်သူများအား ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ကထိန်မှရရှိလာသော အလှူငွေများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့စည်းတစ်ခုထံသို့ လှူဒါန်းခဲ့ပါတယ်” လို့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်းက ဖော်ပြပါတယ်။