စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ သံအမတ်အဖြစ်ဆက်လက်ထားရှိရေး ထောက်ခံကြိုဆိုပွဲပြုလုပ်ခဲ့ပါတယ်။
အဲဒီကြိုဆိုထောက်ခံပွဲကို ယင်းမာပင်ခရိုင် ဆားလင်းကြီးအခြေစိုက် Salingyi Special Tasks Force (SSTF) တပ်ရင်း ၁၄/၁၅ မှ ဦးဆောင်ပြီး ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) (ပကဖ) (ပလဖ) နဲ့ ဆားလင်းကြီးမြို့နယ်-လက်ပံတောင်းတောင်ပင်မသပိတ်၊ မုံရွာတက္က သိုလ်ကျောင်းသားများသမဂ္ဂ Monywa University Students’ Union MUSU တို့နဲ့ ပြည်သူလူထု ထောင်ဂဏန်းအထိ ချီတက်ထောက်ခံခဲ့ ကြပါတယ်။