တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့က စစ်အာဏာရှင်ရဲ့ စစ်ကောင်စစ်ဝန်ရုံးရှေ့နဲ့ စစ်သံရုံးရှေ့မှာ ကိုရီးယားအဖွဲ့အစည်းတွေနဲ့ မြန်မာတွေ ဒီနေ့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မြန်မာ့ ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (Myanmar Federal Democratic Mission Coalition -MFDMC) က ဦးစီးကျင်းပတာဖြစ်ပြီး ကိုရီးယား စံတော်ချိန် နေ့လယ် ၁ နာရီကနေ ညနေ ၃ နာရီ အထိ ဆန္ဒပြခဲ့ကြတာပါ။
မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေး အဖွဲ့ပေါင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က “စစ်ကောင်စစ်ရုံးရှေ့နဲ့ ဖြောင်းထက် ဘူတာရှေ့တို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ကြပြီး ကိုရီးယားနိုင်ငံအစိုးရ၊ လွှတ်တော်နဲ့ ပြည်သူများက မြန်မာ့အရေးကို စိတ်ဝင်တစား ကူညီပေးဖို့ တောင်းဆိုဆန္ဒထုတ်ဖော်ကြပါတယ်။ များမကြာသေးမီက ကိုရီးယားအစိုးရက ကိုရီးယားနိုင်ငံထုတ် စစ်လက်နက်ပစ္စည်းပြပွဲမှာ မြန်မာသံအမတ်ကို ဖိတ်ကြားတဲ့အပေါ် ကန့်ကွက်ကြောင်းလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စစ်ရုံးရှေ့မှာ ကိုရီးယားအဖွဲ့အစည်းများနဲ့အတူ လူဦးရေ ၅၀ ခန့်နဲ့ ဖြောင်းထက် ဘူတာရှေ့မှာလည်း လူဦးရေ ၅၀ ခန့် ဆန္ဒထုတ်ဖော်ကြတာပါ။ နောက်ထပ် ဖြည့်စွက် ပြောလိုတာကတော့ မြန်မာနိုင်ငံသားတွေ အားတင်းထားပါ၊ အာဏာရှင် မုချ ကျရှုံးမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မြန်မာ့ ဖက်ဒရယ်ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်ဟာ အမျိုးသား ညညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ ပထမဦးဆုံး တရားဝင် အသိအမှတ်ပြု ပြည်ပရောက် ထောက်ပံ့ရေး တပ်ဖွဲ့ ဖြစ်ပါတယ်။