ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုတွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် ထွက်ပြေးတိမ်းရှောင်လာ သော စစ်ဘေးသင့် ပြည်သူများကို PDF နှင့် ရလလဖ တပ်ဖွဲတိုက ကယ်ထုတ်နေကြောင်း အရှေ့ရိုးမ ပြောက်ကျားတပ် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့မှ ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ်တွင် ဖြစ်ပွားနေသောစစ်ကောင်စီ၏ လေယာဥ်ဖြင့် ဗုံးကျဲမှုနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထွက်ပြေးလာသော ပြည်သူများကို အရှေ့ရိုးမပြောက်ကျားတပ် နှင့်ရှမ်းပြည်နယ် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေး(ရ လ လ ဖ)တပ်ဖွဲတိုက ပူးပေါင်း ကူညီလျက်ရှိကြောင် သိရှိရသည်။
စစ်ဘေးရှောင်ပြည်သူများကို ကယ်ထုတ်နေရာချထား ပြီး ကား၊ ဆိုင်ကယ် စက်သုံးဆီပြတ်လပ် နေမှုများကို ကူညီဆောင်ရွက်နေကြောင်း၊ စစ်ရှောင်များအတွက် လိုအပ်နေသောနေရာထိုင်ခင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း တာဝန်ယူလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။