ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ရပ်ကွက်တွေ အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့အလောင်းတွေပြန့်ကြဲနေတယ်လို့ သိရပါတယ်။
အဲဒီအလောင်းတွေဟာ ဟိုခဲနဲ့ မြကန်သာရပ်ကွက်အတွင်းလမ်းနဲ့လမ်းထောင့်တွေမှာ တွေ့ရတာလို့သိရပါတယ်။
စစ်ကောင်စီ ဘက်က အလောင်းတွေလာမကောက်လို့ PNLA တွေကပဲ သဂြိုလ်ပေးနေတယ်လို့ ဆိုပါတယ်။
ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီရဲ့ ဆီဆိုင်မြို့ တန်ပြန်ထိုးစစ်မှာ စစ်ကောင်စီတပ်ဟာသေဆုံးသူ များပြီး အလောင်းတွေတောင်မကောက်နိုင်ပဲ ပြန်ဆုတ်ပြေးနေတာလို့ သိရပါတယ်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်ရှိ တပ်နယ် (၃) ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK)လည်း ဆီဆိုင်တိုက်ပွဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
မနေ့ကထိတော့ ဘန်းယဥ်၊ နောင်မွန်အရှေ့ဘက်၊ လွယ်ယွန်းနားသံအုပ်စု၊ ပချားကလိုး ဘက်မှာလည်း တိုက်ပွဲဖြစ်ပြီး ဒေသခံတွေ ထွက်ပြေးနေရတယ်လို့သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် PNO တွေဟာ လက်နက်ကြီးတွေနဲ့ ဆိုက်ခေါင်ကို အခြေပြုပြီးစုဖွဲ့နေသလို PNLO နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ဆီဆိုင်မြို့ကို ထိန်းချုပ်ထားဆဲဖြစ်ကာ ကျေးရွာတွေမှာလည်း ဖြန့်ခွဲအခြေပြုပြီး နှစ်ဘက်စစ်ရေး တင်းမာနေပါတယ်။