ရှမ်းပြည်နယ်တောင်ပိုင်း၊ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီးနောက် ကျေးရွာအနီးရှိ စစ်တပ်နှင့် လက်အောက်ခံ PNO စစ်စခန်း ၄ ခုကို PNLA နှင့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ များက သိမ်းပိုက်ရရှိကြောင်း ဒေသပြည်သူများနှင့် စစ်ရေး သတင်း ရင်းမြစ် များက ပြောဆိုသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ ညပိုင်းတွင် ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုကခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် နောင်ထော်ရွာ အရှေ့ဘက်ရှိ အကြမ်း ဖက် စစ်တပ် စခန်း၊ နောင်ထော်ရွာ တောင်ဘက်ရှိ စစ်တပ်နှင့် လက် အောက် ခံPNO ပြည်သူ့စစ်စခန်းတို့ကို PNLA နှင့် မဟာမိတ်တပ်များက က ပူးပေါင်း သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
“ဒေသခံတွေ ပြောတာကတော့ စခန်း ၄ လုံး သိမ်းလိုက်ပြီလို့တော့ သိရတယ်။ မနေ့ညကတည်းက စကစနဲ့ စကစလက်အောက်ခံ PNO ပြည်သူစစ်တွေက သူတို့စခန်းကို သူတို့မီးရှို့ပြီး ထွက်ပြေးသွားတာတဲ့။ တိုက်ပွဲတော့မဖြစ်သေး ပေ မယ့် စစ်ရေးကတော့ တင်းမာနေတယ်” ဟု ဒေသစစ်ရေးသတင်းမြစ်က ပြောဆို သည်။