ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ပဆျားကလိုးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည် သူ ၂ ဦးသေဆုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်း ဖက် စစ်ကောင်စီက ဆီဆိုင်မြို့နယ် ပဆျားကလိုးကျေးရွာကို လေကြောင်းဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက် ဖျက်ဆီးခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ပြည်သူ့နေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ပဆျားကလိုးကျေးရွာသည် ပအိုဝ်းအမျိုး သား လွတ်မြောက်ရေးတပ်မတော် (PNLA) မှ တပ်စွဲထားခြင်းလည်းမရှိသလို တိုက်ပွဲဖြစ်ပွားသည့် နေရာလည်းမဟုတ်ကြောင်း၊ ဆီဆိုင်မြို့နှင့် မိုင် ၄၀ ကျော်ကွာဝေးပြီး ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့ နယ် နယ်စပ်တွင်တည်ရှိသည့် ရွာဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီနှင့်အပေါင်းအပါများ၏ ယခုလုပ်ရပ်သည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သလို ပအိုဝ်း ကျေးရွာ ဒေသများကို တမင်တကာဖျက်ဆီးနေသည့် ရက်စက်ယုတ်မာသည့် လုပ်ရပ်ပင်ဖြစ်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။