ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ပေါ်ကို စစ်ကောင်စီက လေယာဉ်ကနေ ကြဲချခဲ့တဲ့ ဗုံးဆန်တချို့ မပေါက်ကွဲတာကြောင့် မြို့တွင်းပေါက်ကွဲမှာကို မြိုခံတွေ စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီဟာ ဆီဆိုင်မြို့ပေါ်ကို ဇန်န၀ါရီ ၂၅ ရက်နေ့မှာ လေယာဥ်ကနေ ဗုံးရာချီကြဲချခဲ့ပြီး မပေါက်ကွဲတဲ့ ဗုံးဆန်တွေေကြောင့် မြို့ခံတွေက စိုးရိမ်နေကြတာပါ။
`မြကန်သာထဲမှာ အများကြီးကျတာ၊ မြကန်သာရပ်ကွက် အကွက် ၅ မှာက နှစ်ထပ်အိမ်ပျက်စီးသလို၊ အဲဒီရပ်ကွက်ဓမ္မာရုံအတွင်း ပေါက်ကွဲခဲ့တာ၊ ခုလဲ မြို့ပေါ်က မပေါက်ကွဲသေးတဲ့ ဗုံးတွေကို အမြန်ဆုံးရှင်းလင်းစေချင်ကြတယ်၊ ဘယ်အချိန်ကွဲမလဲဆိုပြီး ဘယ်သူမှ အဲနားတွေ မှာ မနေရဲကြဘူး ` လို့ ဆီဆိုင်ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက် တနေကုန် ဗုံးကြဲခဲ့တာမှာ ဗုံးလုံးရေ ၁၀၀ ကျော်ရှိခဲ့ပြီး ပေါင် ၅၀၀ လို ဗုံးအကြီးတွေ ကြဲတာဖြစ်ပြီး ဗုံးအသေးတွေက Y12 က ကြဲတာလို့ သိရှိရပါတယ်။
ခုချိန်ထိ မြို့ပေါ်က ထိိခိုက်သေဆုံးသူတွေ စာရင်း အတိအကျမရသေးသော်လည်း မနေ့ညက ၇ နှစ်အရွယ် ကျောင်းသူတစ်ဦး အပါအ၀င် ၁၀ ဦးခန့် သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။