ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွိုင်ကော်- ဆီဆိုင်လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာ နေသော ပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ၁ ဦးသေဆုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။
ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန်ဆီဆိုင်မြို့နယ်၊ ဖြီတခေါ့ကျေးရွာနေပြည်သူ ၂ ဦး သည် ဆိုင်ကယ်ဖြင့် ခရီးသွားလာရာ ပုံလောင်းကျေးရွာအနီးအရောက် အကြမ်းဖက်စစ်တပ် စစ် ကြောင်းနှင့် ထိပ်တိုက်တိုးပြီး စစ်ဆေးမေးမြန်းခြင်းမရှိပဲ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ရွာသားတစ်ဦး နေရာမှာ ပင်သေဆုံးခဲ့ကြောင်း၊ ကျန်ရွာသားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သိရ သည်။
ထိုသို့ ပစ်ခတ်ဖြတ်ခံရပြီး သေဆုံးသွားသော ပြည်သူ၏ ရုပ်လောင်းကိုလည်း အကြမ်းဖက်စစ်သား များက ပြန်လည် သယ်ယူခွင့်မပြုသေးကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် ထားသည်။