ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ဆီးဆော်ခူ စစ်ရှောင်စခန်းမှာ ရိုးရာ အဲ့ဒိုပေါ်မီ ( ခေါ် ) ဒီးကူပွဲကို ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ အကျဥ်းချုပ်ပြုလုပ်ခဲ့ကြပါတယ်။
ရိုးရာပွဲတစ်ခုဖြစ်တဲ့ အဲ့ဒိုပေါ်မီ (ခေါ် ) ဒီးကူပွဲကို အခြေအနေကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ အစဉ်အလာမပြတ်ပြုလုပ်ရတဲ့ ရိုးရာပွဲတစ်ခုဖြစ်တဲ့အတွက် အကျဥ်းချုပ်ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကရင်နီပြည်တွင်းက နေရာတော်တော်များများမှာ လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ရိုးရာ အဲ့ဒိုပေါ်မီ ( ခေါ် ) ဒီးကူပွဲကို စည်စည်ကားကား မပြုလုပ်နိုင်ခဲ့တာ ၄ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒိုပေါ်မီ ( ခေါ် ) ဒီးကူပွဲကို ပြည်တွင်းအပြင် ပြည်ပနိုင်ငံတွေကိုရောက်ရှိနေတဲ့ ကရင်နီလူမျိုးတွေက အစဉ်အလာမပြတ် နှစ်စဉ် ကျင်းပကြပါတယ်။