ရှမ်းပြည်တောင်ပိုင်း၊ အင်းလေး ညောင်ရွှေမြို့နယ်ကနေ ဖယ်ခုံမြို့နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ဆောင်းပြောင်း-ဖယ်ခုံလမ်းမကို ရက်ပိုင်းအတွင်း ခရီးမသွားကြဖို့ PDF/KNDF/URF စတဲ့ တော်လှန်ရေးအဖွဲ့တွေက ဒီနေ့မှာအရေးပေါ် သတိပေးချက် ထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။
မိုင်းဖြတ်၊ ဗန်းမောက်၊ နမ်းဖောမူ၊ ဆောင်းပြောင်း အစရှိတဲ့ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်တွေ အင်အားစုကာ တပ်စွဲနေတဲ့အတွက် အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တာကြောင့် ဒီလိုသတိပေးရတာလို့လည်း တော်လှန်ရေးအဖွဲ့တွေထံက သိရပါတယ်။
အဲဒီကျေးရွာတွေက ပြည်သူတွေအနေနဲ့ စစ်ဘေးရှောင်တွေ အချိန်မီ အမြန်ဆုံးပြောင်းရွှေ့ကြဖို့လည်း တိုက်တွန်းထားပါတယ်။ပြန်လည်ဖြတ်သန်းနိုင်မယ့် အချိန်ကိုတော့ မသိရသေးပါဘူး။