မကွေးတိုင်း၊ ဆောမြို့နယ်၊ အကြည်ပန်းပလွန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သေဆုံးသွားသော ပြည်သူ ၁၅ ဦး ၏ အမည်စာရင်းများကို အတည်ပြုရရှိကြောင်း ဒေသတော်လှန်ရေး အဖွဲ့က အတည်ပြုပြောဆိုသည်။
မေလ ၉ ရက်နေ့တွင် ဆောမြို့နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်း ကြီးကျောင်းတွင် ကျောက်ထု တိုက်နယ်ရှိ ယာဉ်ပိုင်ရှင်များအကြား အစည်းအဝေးပြုလုပ်နေစဉ် တံတားဦးလေတပ်မှ တက်လာသော တိုက်လေယာဉ် ၁ စီးဖြင့် ဗုံးကျဲ ပစ်ခတ်သဖြင့် ပြည်သူများ သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ပြည်သူ ၁၅ ဦးမှာ မောင်ဖြိုးညီ၊ မပြုံးကြည်၊ မောင်အာကာဖြိုး၊ ဦးကျော်နိုင်ဝင်း၊ မပြုံးပြုံးသီ၊ ဦးကျော်ကိုဦး၊ ဦးဇော်လင်းဦး၊ မချိုမာဝင်း၊ ကိုငပွေး၊ ဦးလှမြင့်ဆွေ၊ ဒေါ်တိုးကြည်၊ မခင်ချိုဝင်း၊ ဦးထွန်းထွန်းအောင်၊ ဒေါ်အိချို၊ ဒေါ်မိညို တို့ဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၇ ဦးတွင်အသက်အန္တရာယ် စိုးရိမ်ရသော ပြည်သူများဖြစ်ကြောင်း သိရှိရသည်။