မကွေးတိုင်း၊ ဆောမြို့နယ်၊ ရင်ကဲရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဝင်ရောက် မီးရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။
” ဆောမြို့နယ်၊ လောင်းရှည်မြို့ဟောင်း၊ ရင်ကဲရွာကို စစ်တပ်က မီးရှို့နေတယ်လို့ သိရတယ်။ တိုက်ပွဲလဲဖြစ်နေတယ်တဲ့ ပြည်သူတွေ ထိခိုက်မှုရှိမရှိတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။