မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းတွင် တပ်စွဲထားသော စစ်တပ် စစ်ကြောင်းမှ တပ်ကြပ်ကြီးတစ်ဦး လက်နက်ခဲယမ်းနှင့်တကွ အလင်းဝင်ရောက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေးရုံးထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဆောမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်သော စစ်ကောင်စီမှ တပ်ကြပ်ကြီး စာရေး တစ်ဦးသည် ဂန့်ဂေါခရိုင် အမှတ် ၃ တပ်ရင်းထံသို့ ဆက်သွယ်ကာ လက်နက်၊ ခဲ၊ ယမ်းများနှင့်အတူ CDM ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
CDM ဝင်ရောက်လာသူ တပ်ကြပ်ကြီးစာရေးက စစ်အာဏာရှင်၏ လုပ်ဆောင်မှုများကို သ ဘော မကျသောကြောင့် CDM ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး MA-2 သေနတ် ၁ လက်၊ ကျည်အတောင့် ၆၀၀ ယူဆောင်ကာ အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး အမျိုးသား ညီညွတ် ရေးအစိုးရ- NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အမှတ် ၁ စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးက ထုတ်ပြန်သည်။
အဆိုပါ ဆောမြို့မ ရဲစခန်း၌ စစ်ကောင်စီတပ်သား နှင့် ရဲ တပ်သားပေါင်း အင်အား ၈၀ ကျော် ဝန်း ကျင်ခန့်ရှိပြီး တပ်ဖွဲ့ဝင်များ အချင်းချင်း စည်းလုံး ညီညွှတ်မှုမရှိဘဲ စိတ်ဓာတ်များ ပျက်ပြားလျက်ရှိ ကြောင်းလည်း သိရသည်။