ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်အထိရှိပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
မတ်လ ၈ရက်တွင် ဆွမ်ပရာဘွမ် မလိယန်တပ်စခန်း၊ မတ်လ ၁၃ရက်တွင် ဆွမ်ပရာဘွမ် စစ်ကောင်စီတပ်စခန်းတို့ကို KIAကတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများ တိုးလာခဲ့သည်ဟု ဆိုသည်။
လက်ရှိတွင် စစ်ရှောင်များ မိုးကာအလုံအလောက်မရှိခြင်း၊ သောက်သုံးရေအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့်စားနပ်ရိက္ခာ အဝတ်အထည်နှင့်ဆောင်များ သယ်ယူရန် ခက်ခဲခြင်းတို့ ဖြစ်သည်ဟု ဖော်ပြသည်။
KIAသည် လက်ရှိတွင် ဆွမ်ပရာဘွမ်မြို့ကို ထိန်းချုပ်ထားပြီး ကျန်နေသည့် စစ်ကောင်စီဗျူဟာစခန်းသိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေး ခုခံလျက်ရှိသည်။