ဇန်နဝါရီလ (၁၅)ရက်ကနေ (၂၁)ရက်အတွင်း စစ်အာဏာရှင်တပ်သားတွေက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ် တို့မှာ လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်သားတွေက စစ်ကိုင်းတိုင်းဒေသကြီးက ပြည်သူ (၁၀)ဦးကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီး အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက် ထားခဲ့တာဖြစ်ပြီး မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား တဦး ဆေးကုသခွင့် လုံလောက်စွာ မရှိခဲ့ပဲ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်သားတွေရဲ့ လက်နက်ကြီး၊ လက်နက်ငယ်တို့နဲ့ ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၃၀)ကျော် သေဆုံးခဲ့ပြီး (၄၀)နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။
စစ်အာဏာရှင် တပ်သားတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အသက်မပြည့်သူ (၃)ဦး ဒဏ်ရာရရှိခဲ့ပြီး (၄)ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်သားတွေရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုတွေကြောင့် တပတ်အတွင်း နေရပ်ဒေသ စွန့်ခွာမှု (၆)ကြိမ် ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။