ရန်ကုန်မြို့တွင် North Dagon Oppressed People’s Strike Colition – NDOPSC နှင့် မဟာမိတ်များ ပူးပေါင်း၍ ညီနောင်မဟာမိတ် သုံးဖွဲ့၏ တော်လှန်စစ်ဆင်ရေးအား ကြိုဆိုကြောင်း ယနေ့ (အောက်တိုဘာ ၂၈) ညပိုင်းက ပြသခဲ့ကြသည်။
စစ်ကောင်စီက လုံခြုံရေးတင်းကြပ်နေသည့်ကြားမှ လူငယ်များက ကားလမ်းမပေါ်တွင် ကားတာယာကွင်းများ မီးရှို့၍ လက်သုံးချောင်းထောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
“အမှန်ကတော့ ကျွန်တော်တို့ မြို့ကို ကျွန်တော်တို့ ပိုင်တယ်။ ကျွန်တော်တို့ ငြိမ်ချင်ငြိမ်မယ်။ ကြွချင်ကြွမယ်။ ဘယ်လိုဖိနှိပ်မှုမျိုးကိုမှ ကျွန်တော်တို့ မခံဘူး။ တတိုင်းတပြည်လုံး အတိုင်းအတာနဲ့ အသံတွေထွက်ပေးဖို့လိုပါပြီ ။ ဖိနှိပ်မှုတွေ ကိုခါးစည်းခံနေလို့မရတော့ပါဘူး ။ တယောက်တသံ ထွက်နေတာထက် ပြိုင်တူတွန်းရင်အရွေ့မြန်မှာပဲ”ဟု အဆိုပါလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် လူငယ်တဦးက ပြောသည်။