ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ စစ်ဘေးရှောင်နေရသော ညောင်ပင်ကြီးကျေးရွာတစ်ဝိုက်ရှိ မီးဘေးသင့်ပြည်သူများထံသို့ ဆန်နှင့်ဆီများလှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါလှူဒါန်းမှုကို မရှိခဏထောက်ပို့အဖွဲ့၏ အကူအညီဖြင့် တစ်အိမ်ထောင်လျှင် ဆန်၂ပြည် စားဆီ၁ဗူး လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး လိုအပ်ချက်များစွာရှိနေသောကြောင့် အလှူရှင်များအနေဖြင့်လည်းပါဝင်ပေးကြရန် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီမှ တောင်းဆိုထားသည်။