ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ခရီးသွားများ လုံခြုံရေးအတွက် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း Royal Peacock Column ထံမှ သိရသည်။
အဆိုပါ လမ်းပိုင်းသည် အမှတ် ၂ စစ်ဒေသခွဲ တောင်ပိုင်းစစ်ဒေသ၏ စစ်ရေးနယ်မြေတွင် တည်ရှိပြီး ရိုးမဗျူဟာ စစ်ကြောင်းများဖြစ်သော Royal Peacock Column ၊ Spring Warriors Column၊ ၃၇၀၂ တပ်ရင်းများက စစ်ဆင်ရေးလုပ်များ အရှိန်အဟုန်မြှင့် လုပ်ဆောက်လျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် လမ်းအသုံးပြုသော ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ် နှင့် ပတ်သက်ခြင်း၊ အကြမ်းဖက်စစ်သား၊ အကြမ်းဖက်ရဲများနှင့် အတူတကွ ခရီးသွားလာခြင်းများ မပြုလုပ်ကြရန် အသိပေးထုတ်ပြန်ထားသည်။