ကချင်နဲ့ စစ်ကိုင်းသွားတဲ့ ပြည်ထောင်စုလမ်းမကြီးကို သွားလာခွင့်ပိတ်ဆို့ထားတဲ့ ၁ ပတ်အကြာမှာ ယနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့ ည နေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
“ဟုတ်တယ် ဒီညနေ ၂ နာရီလောက်မှာ အကုန်ပြန်ဖွင့်ပေးလိုက်ပြီ နဂိုင်းပြန်သွားနေကြပြီ”လို့ နန့်စီအောင်မရောက်မှီ မော်ဟန်ဂိတ်တာဝန်ခံတစ်ယောက်က KNG ကိုအတည်ပြုပြောဆိုပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့ စကပြီး ကချင်နဲ့ စစ်ကိုင်း ပြည်ထောင်စုကားလမ်းပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နဘား၊ ပင်ဝယ် နဲ့ နန့်တဲ နေရာတွေမှာ သွားလာခွင့်ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။
စစ်ရေးတင်းမာမှုဖြစ်ပွားနေတဲ့ စစ်ကိုင်းအစပ် ကသာ၊ ထီးချိုင့်နဲ့ အင်းတော်ဒေသတွေမှာ တိုက်ပွဲဆက်လက်တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်ရေးအရ ယာယီပိတ်ဆို့ထားတာဖြစ်တယ်လို့ နိုဝင်ဘာလ ၂၀ ရက်နေ့ KIA နဲ့ နီးစပ်သူတစ်ယောက်က KNG ကိုပြောပါတယ်။
အခုလို တစ်ပတ်လောက်အကြာ လမ်းကြောင်းပိတ်ဆို့လိုက်တာကြောင့် ကချင်ပြည်နယ်အတွင်း စစ်သုံးဆီနဲ့ စားသောက်ကုန်တွေ စျေးအဆမတန်စျေးနှုန်းမြင့်တက်သွားတာလည်းဖြစ်ပါတယ်။