ထားဝယ်မြို့နယ်တွင် တစ်လအတွင်း စစ်ဆင်ရေး (၉)ကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရသူ ၂၇ ဦးရှိသည်အထိ တိုက်ခိုက်နိုင်ခဲ့ကြောင်း ထားဝယ်စုပေါင်းစစ် ကြောင်း(DCC)မှ ယနေ့(ဇွန် ၁)အသိပေးထုတ်ပြန် သည်။
အဆိုပါစစ်ဆင်ရေးများကိုထားဝယ်မြို့နယ်တွင်းစစ်ကောင်စီအထိုင်ချထားသည့် ပကာရီရဲစခန်း၊ ဥယျာဥ်ကြီးရွာ၊ ပခပ်ရွာနှင့် ၈ မိုင်ဂိတ်တို့ကို ထိုးစစ်ဆင်မှု ၂ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်နှင့် ထိတွေ့မှု ၅ ကြိမ် အသီးသီးဖော်ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။
တိုက်ခိုက်မှုများကို ၂၀၂၂ ခုနှစ်ဧပြီ ၉ ရက်မှ မေ ၂၂ ရက်အထိလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၅ ဦးသေဆုံးကာ ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။တော်လှန်ရေးရဲဘော် ၂ ဦးထိခိုက်ခဲ့သည်ဟု DCC က အသိပေးသည်။ စစ်ကောင်စီတပ်သေဆုံး၊ဒဏ်ရာရမှု အခြေအနေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါ။
“ဒီထက်မက ပိုမိုကောင်းမွန်တဲ့ တိုက်ပွဲတွေကိုဆက် လက်ဖော်ဆောင်သွားမှာပါ။ ပြည်သူတွေအနေဖြင့် စစ်ရေးသတိအမြဲရှိကြပြီး တိုက်ပွဲဖြစ်ပွားရာအနီးမနေထိုင်ကြရန် ၊ ခရီး
သွားလာခြင်းဆင်ခြေကြရန်တောင်းဆိုပါတယ်”ဟု ထားဝယ်စုပေါင်းစစ်ကြောင်း (DCC)မှတာဝန်ရှိသူတစ်ဦးPeople’s Spring သို့ ပြောသည်။
အထက်ပါ စစ်ဆင်ရေးများကို ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ ကူညီပံ့ပိုးမှုများဖြင့်သာ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းအပေါ် ကျေးဇူးအထူးတင်ရှိကြောင်း၊ ယခုအခါတွင် စစ်ကြောင်းမှ ၄၀ မမ၊ ၆၀ မမ၊ ၈၀ မမနှင့် ၁၂၀ မမ ဗုံးသီးများ ဆက်လက်ထုတ် လုပ်နိုင်ရန် ကူညီပံ့ပိုးမှုများ လိုအပ်လျှက်ရှိ၍ ပါဝင်အားဖြည့်ကူညီပေးကြရန် နှိုးဆော်ထားသည်။
ထားဝယ်စုပေါင်းစစ်ကြောင်း(Dawei Collective Column-DCC)တွင် Eastern Defense Force – EDF၊ Dawei DefenseTeam – DDT၊ ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(DSPDF)စသည့် တော်လှန်ရေးတပ်ဖွဲ့များ ပါဝင်သည်။