တစ်လေးလုံးအထိမ်းအမှတ် အောင်သပြေ လှုပ်ရှားမှုမှာပါဝင်တယ်ဆိုပြီး မန္တလေးမှာ အမျိုးသမီး ၃ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ စုံစမ်းသိရပါတယ်။
သပြေပန်း ပန်တာ ၊ သပြေပန်းနဲ့လူမှုကွန်ရက်မှာ လှုပ်ရှားမှု ပုံတင်လို့ဆိုပြီး ဖမ်းဆီးတာလို့သိရပါတယ်။
စစ်ကောင်စီအားပေးတယ်လီဂရမ်အချို့မှာအမျိုးသမီး လေးဦးကို ဖမ်းဆီးထားတဲ့ ဓာတ်ပုံတွေ ဖော်ပြလာတာတွေ့ရပါတယ်။
ဒါ့အပြင် တစ်လေးလုံး လှုပ်ရှားမှုမှာပါဝင်သူတွေရဲ့ ဖေ့ဘွတ်ခ်အကောင့်ခ်နဲ့ နေရပ်လိပ်စာတွေဖော်ပြပြီး ဖမ်းဆီးဖို့ စစ်တပ်အားပေးတယ်လီဂရမ် တွေက လှုံဆော်နေတာတွေလည်းရှိပါတယ်။
မြန်မာပြည်မြောက်ပိုင်းအခြေစိုက် ညီနောင်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ကို ထောက်ခံတာနဲ့ မြို့သိမ်း ၊စခန်းသိမ်းတိုက်ပွဲတွေ အရှိန်မြှင့်လာတာကိုကြိုဆိုတဲ့အနေနဲ့ ၁၁ လပိုင်း ၁၁ ရက်နေ့မှာ တစ်လေးလုံး အောင်သပြေ လှုပ်ရှားမှုကိုတော်လှန်ရေးအင်အားစုတွေက ဆင်နွှဲခဲ့ကြတာပါ။