တစ်လေးလုံးအထိမ်းအမှတ် အောင်သပြေလူထုလှုပ်ရှားမှုအဖြစ်နဲ့ ဒီနေ့မှာ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် အတွင်းမှာရှိတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၁၀၀ ကိုထောက်ပံ့ကူညီမှုတွေပြုလုပ်ခဲ့ပါတယ်။
S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က အိမ်ထောင်စု ၁၀၀ ကို စောင် ၊ ခြင်ထောင် ၊ အနွေးထည်၊ ပုဆိုး၊ ဆီ၊ ဆား ၊ ကျောက်ဖရုံသီးနဲ့ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့တာပါ။
စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းရင်းနဲ့ အောင်သပြေသပိတ်ကိုလည်း အောင်မြင်စွာပြုလုပ်ခဲ့တယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။