ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း တစ်နေရာမှာ အခက်အခဲများကြားက တတိယအကြိမ်မြောက် ကယားစာပေ ဆရာ၊ ဆရာမ ဖြစ် သင်တန်းဆင်းပွဲ နဲ့ ဆုပေးပွဲ အခမ်းအနားကို ဒီကနေ့ စက်တင်ဘာလ (၈)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
သင်တန်းသူ၊ သင်တန်းသား ၂၆ ယောက်ကို သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားမှာတော့ တာဝန်ရှိသူတွေကနေ အဖွင့်အမှာစကားပြောကြားခြင်း၊ မိမိစာပေ မိမိဘာသာစကားကို ပိုမိုတန်ဖိုးထားတတ်စေရန်အားပေးခြင်း၊ ကျောင်းသားကျောင်းသူများမှ အကများဖြင့် သီဆိုဖျော်ဖြေခြင်းများ ပြုလုပ်သွားခဲ့ပါတယ်။