တနင်္သာရီတိုင်းအတွင်း၊ စစ်ဘေးအန္တရာယ် ကျရောက်လွယ်တဲ့ ဒေသ တခုမှာ လေကြောင်းရန် နဲ့ မြေမြှုပ်မိုင်း အန္တရာယ်တို့နဲ့ ပတ်သက်ပြီး ထားဝယ် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက အသိပညာပေး ဆောင်ရွက်နေတယ်လို့ Dawei University Student’s Union က ဒီနေ့ မှာ အသိပေးထုတ်ပြန်ပါတယ်။
ဒေသခံပြည်သူတွေကို လေကြောင်း ၊ မြေမြှပ်မိုင်း အန္တရာယ် တွေနဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ အရေးပေါ် ကာလ အတွင်း ပြုမှုနေထိုင်ရမယ့် နည်းလမ်းတွေကို ပညာပေး မျှဝေခဲ့ တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသခံတွေ စစ်ဘေးဒဏ် ကြံကြံခံနိုင်ဖို့ စွမ်းရည်မြှင့် တင်ရေး အဖြစ် လုပ်ဆောင်နေတာဖြစ်ပြီး၊ ထားဝယ် သမဂ္ဂရဲ့ လုပ်ငန်းစဥ်တွေမှာ ပါဝင်ကာ၊ လူထုအကျိုးပြုလုပ်ငန်းတွေမှာ ပူးပေါင်း ပါဝင်နိုင်တယ်လို့လည်း ဖိတ်ခေါ် ထားပါတယ်။