တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ လူထုတွေ့ဆုံပွဲနဲ့ အဆုံးထိ တော်လှန်ဒို့ပြည်သူ့အသံ တော်လှန်ရုပ်ရှင်ပြပွဲ ၁၂ ရက်မြောက်နေ့ အထိရှိလာပြီဖြစ်တယ်လို့ တနင်္သာရီ ဗကသများအဖွဲ့ချုပ်က သိရပါတယ်။
တနင်္သာရီ ဗကသများအဖွဲ့ချုပ် နဲ့ ဗမာလူငယ်ကွန်ရက် တို့ပူးပေါင်း ကာ လွတ်မြောက်နယ်မြေ တနေရာအတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အခုဆို ၁၂ ရက်မြောက်နေ့ အထိရှိလာပြီ ဖြစ်ပါတယ်။
တော်လှန်ဇာတ်ကားမပြသခင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂရဲ့ သမိုင်းအကျဥ်းချုပ်ကို အတွင်းရေးမှူးက ရှင်းလင်းပြောပြခဲ့ပြီးတော့ တနင်္သာရီ မြို့နယ် ဗကသ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်များကို အသိပေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဗမာလူငယ်ကွန်ရက် အတွင်းရေးမှူးက သပိတ်ပြုလုပ်ရတဲ့ အကြောင်းအရင်း နဲ့ လက်နက်မဲ့ လူထုသပိတ်တိုက်ပွဲရဲ့ အရေးပါပုံ များကိုပါ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း အသက်ပေး ခဲ့ရတဲ့ နွေဦး သူရဲကောင်းများကို တမိနစ် ငြိမ်သက်၊ ဆုတောင်းမေတ္တာပို့ခဲ့ကြပြီး တော်လှန်ရုပ်ရှင် ဇာတ်ကားများ ဆက်လက် ပြသပေးခဲ့တယ်လို့ အသိပေး ထုတ်ပြန် ထားပါတယ်။