တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအနီး အကြမ်းဖက် စစ်တပ် နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် တပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ရုံးချုပ်က ဒီနေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။
သကျက်ကျေးရွာအနီး ဘန်ကြုပ်သို့ စစ်ကြောင်းထိုးချီတက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ၅၆၁ စစ်ကြောင်း နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ၁ နာရီကျော်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် ၊တပ်ရင်း – ၂ ၊ တပ်ခွဲ (၁)၊ တနင်္သာရီ မြို့နယ် ပကဖ တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး၊ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပါတယ်။
တနင်္သာရီမြို့နယ်အတွင်း စစ်ရေးအခြေအနေများအရ အရှိန်မြင့်မား လာနိုင်တဲ့အတွက် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများမှ လုံခြုံရေး သတိနဲ့ သွားလာ နေထိုင်ကြရန် မေတ္တာရပ်ခံ တင်ပြထားပါ တယ်။