တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန္ဓောရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ရွာလုံးကျွတ် တိမ်းရှောင်နေရပြီး နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
မေလ ၂၄ ရက်နေ့တွင် တနင်္သာရီမြို့နယ်၊ သိန္ဓောရွာကို အကြမ်းဖက် စစ်တပ်၏ ခမရ ၁၀၁ တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ ဖျက်ဆီးမှုရှိကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် သိန္ဓောရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေ၍ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“တနင်္သာရီမြို့နယ် သိန္ဓောရွာကို အကြမ်းဖက် စစ်တပ်ရဲ့ ခမရ ၁၀၁ တပ်ရင်းက တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့ လက်နက်ကြီးနဲ့ ပစ်လို့ ပြည်သူ နေအိမ်တွေ ပျက်စီးခဲ့တယ်။ ပြည်သူတွေ ထိခိုက် ဒဏ်ရာရတာတော့ မရှိပါဘူး။ လက်နက်ကြီးက မကြာခဏကို ပစ်နေတာ ၂ ရက်ခြား ၃ ရက် ခြား အမြဲတမ်း ပစ်နေတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။