တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် အကြမ်းဖက်စစ်တပ် ခလရ (၅၅၇) မှ တပ်ကြပ်ကြီးစာရေး နှစ်ဦးတောင်ပိုင်းညီနောင်စစ်ကြောင်းထံ လက်နက်နဲ့ အလင်းဝင်လာ တယ်လို့ Southern Brothers Army မှ မနေ့က ထုတ်ပြန်ပါတယ်။
ရန်သူစစ်အုပ်စုဘက်မှ တပ်ကြပ်ကြီး စာရေး နှစ်ဦးဟာ ဧပြီ ၂၈ ရက်မှာ မောင်းပြန် သေနတ် နှစ်လက်၊ 5ဒသမ56 ကျည်ဆံ အတောင့် ၂၆၀ ၊ ကျည်အိမ် ၆ ခု နဲ့ လာရောက်ခိုလှုံခဲ့တယ်လို့ အသိပေးထား ပါတယ်။
တောင်ပိုင်းညီနောင် စစ်ကြောင်းထံသို့ ခိုလှုံရောက်လာတဲ့ ရဲဘော် နှစ်ဦးအား လွတ်မြောက်နယ်မြေ တနေရာသို့ ပို့ဆောင်ထားပြီး၊ ဂုဏ်ပြုငွေများလည်း ချီးမြှင့်ပေးသွားမယ်လို့ အသိပေး ဖော်ပြထား ပါတယ်။